မူဆယ်မြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြသောအားဖြင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများဆောင်ရွက်

မူဆယ် မေ

၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့တွင် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေးနှင့် စုပေါင်းသွေးလှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရက်ရာတွင် ယမန်နေ့ မေလ(၂)ရက်နေ့၌ မူဆယ်ခရိုင်၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုး ဦးဆောင်၍ ခရိုင်/မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် သွားရောက် သွေးလှူဒါန်းခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ယင်းသွေးလှူဒါန်းရာတွင် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးခန့် စုပေါင်း သွေးလှူဒါန်းခဲ့ပြီး မူဆယ်ခရိုင်၊ မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေတင်းတိုးက သွေးလှူဒါန်းသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို ကြည့်ရှုအားပေးခဲ့ကာ သွေးလှူဒါန်းမှုနှင့်စပ်လျဉ်း၍ ဝမ်းမြောက်စကားပြောကြားခဲ့ပြီးနောက် အားဖြည့်အစာအာဟာရများအဖြစ် အားဆေးများ၊ ကြက်ဥနှင့် အချိုရည်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယနေ့ မေလ(၃)ရက်နေ့တွင် မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ ပြည်တော်ပြန် ဘုရားရင်ပြင်တော်ပေါ်တွင် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးခန့်က ဘုရားရင်ပြင်တော် ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးနှင့် ပြည်တော်ပြန်ဘုရားဆင်းတုတော်ကြီးကို ရေသပ္ပာယ်ခြင်း ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင်များက ဘုရားဆင်းတုတော်များကို ပြန်လည် ဆေးကြောသန့်စင်ပြီး ရေသပ္ပာယ်ခြင်း၊ ဘုရားပန်းခြောက်အမှိုက်များ/ စွန့်ပစ်ပစ္စည်းတို့ကို ရှင်းလင်းခြင်း၊ ပန်း/ဆီမီး/အမွှေးနံသာတိုင်များ ထွန်းညှိပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)