တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာ လေဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ထောက်ပံ့

တန့်ယန်း မေ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာတွင် ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လေပြင်းတိုက်ခတ်၍ မိုးသည်းထံစွာ ရွာသွန်းခဲ့ခြင်းကြောင့် ပျက်စီးခဲ့သော မိုင်းကောင်ရဲကင်း၊ အခြေခံပညာအထက်တန်းကျောင်းနှင့် လူနေအိမ်အချို့အား ယမန်နေ့ ကူညီဆောင်ရွက်ထောက်ပံ့ခဲ့ကြသည်။

အဆိုပါ လေပြင်းတိုက်ခတ်၍ မိုးသည်းထံစွာ ရွာသွန်းခဲ့ခြင်းကြောင့် မိုင်းကောင်ရဲကင်းရှိ အဆောင်နှစ်လုံး၊ အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ဆောင်၊ ဆရာ/ဆရာမ နားနေဆောင်၊ ကျောင်းခြံစည်းရိုးနှင့် လူနေအိမ်အချို့ အမိုးလန်ခြင်း၊ ထရံအချို့ ပွင့်ထွက်ခြင်း၊ အုတ်တံတိုင်း ပြိုကျခြင်းတို့ ဖြစ်ပွားခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ မြို့နယ်ရဲတပ် ဖွဲ့မှူးရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပြီး လေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားကာ ကူညီထောက်ပံ့ခဲ့ကြသည်။

မြို့နယ်အရန်မီးသတ် တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များက မိုင်းကောင် ကျေးရွာရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ဆောင်၊ ဆရာ/ဆရာမ နားနေဆောင်တို့မှ အန္တရာယ်ရှိသော အဆောက်အဦ၊ အမိုးသွပ်ပြား များနှင့် ထရံများအား ရှင်းလင်းဆောက်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)