မာန်အောင် ဧပြီ ၂၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင် ကျန်းမာရေးဌာနဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။
ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်မျိုးကွဲသစ် (XBB.1.16)သည် အာရှနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပျံ့နှံ့လျက်ရှိကြောင်း၊ လာမည့်သီတင်းပတ်များအတွင်း ကူးစက်မှုပိုမိုများပြားလာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံကြရန်လိုကြောင်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)