တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster)ထိုးနှံပေး

တောင်ကုတ် ဧပြီ ၂၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster)ထိုးနှံခြင်းကို ယမန်နေ့နံနက်(၈)နာရီမှစ၍ တောင်ကုတ်မြို့နယ်ခန်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ပြည်သူ(၂၄၈)ဦး သို့ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster)ထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်လျက်ရှိသည်။

မြို့နယ်(ပြန်/ဆက်)