မိတ္ထီလာ ဧပြီ ၁၄
မိတ္ထီလာမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကြိုနေ့)ကို စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်စေရန် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းနှင့် အ.ထ.က(၁)လမ်း အနီးနေရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုဆုပေးဏ္ဍပ်နှင့်အတူ ဗဟိုဆုပေး မဏ္ဍပ်အနီးတွင် လမ်းလျှောက်သင်္ကြန်ကို ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိပြီး ၎င်းဗဟိုဆုပေးမဏ္ဍပ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ယိမ်းအဖွဲ့ ၁၃ ဖွဲ့တို့မှ ဧပြီလ ၁၄ရက်နေ့မှ ၁၆ ရက်နေ့အထိ ယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေခြင်းများအပြင် မလှိုင်မြို့နယ် ယိမ်းအဖွဲ့များ၊ အမှတ်(၁)တပ်မတော်စစ်ဆေးရုံ ကုတင် ၅၀၀ မှ ယိမ်းအဖွဲ့တို့က ကပြဖျော်ဖြေခဲ့ကြရာ ဒေသခံပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက် ရေကစားလျက်ရှိသည်။
အဆိုပါဗဟိုဆုပေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို လာရောက် လာရောက်ရေကစားသူများအား ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံတွင် စတုဒီသာများဖြင့် ကျွေးမွေး လှူဒါန်းလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)