ပြင်ဉီးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ပြင်ဦးလွင် ဧပြီ ၁၄      

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ(၃)နာရီက ရပ်ကွက်ကြီး (၆)၊ အမျိုးသားကန်တော်ကြီးဉယျာဉ်အနီး၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်ထွန်းမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်ဇော်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်နှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည် ။

ဆက်လက်ပြီး ထာဝရမြန်မာသီချင်းနှင့် မန်းတောင်ရိပ်ခိုသီချင်းတို့ဖြင့် ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ကြပြီး တာဝန်ရှိသူများမှ ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား အတာရေဖြင့် ပက်ဖြန်းကြသည်။

ယင်းနောက် ဗဟိုမဏ္ဍပ်တွင်အကအဖွဲ့များမှ အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေကာ နှစ်သစ်ကူးအချိန်အခါသမယတွင် ရေကစားမဏ္ဍပ်များမှ ရေများဖြင့် ပက်ဖြန်းကစားခဲ့ကြောင်း သိရသည် ။

ခရိုင်(ပြန်/ဆက်)