ထားဝယ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်နှင့်ဖျော်ဖြေရေး ရေကကစားမဏ္ဍပ်များဖြင့်  သင်္ကြန်ပွဲတော်ကို  စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ထားဝယ်     ဧပြီ   ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွင်စွာဆင်နွဲနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟို မဏ္ဍပ်နှင့် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်း ပျော်ရွင်စွာဆင်နွဲနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲ တော်ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများမှစီစဉ်ဆောင်ရွက်လျက်ရှိကြပြီးမြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များတွင် နှစ်သစ်မင်္ဂလာသင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ သင်္ကြန်ယိမ်းအကအလှများ၊ စတိတ်ရှိုးကဏ္ဍများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့်သီဆိုဧည်ခံဖျော်ဖြေမှုများအပြင် လာရောက်ဆင်နွှဲသူများအားအအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။

ထားဝယ်မြို့ရှိရပ်ကွက်များတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်များ တည်ဆောက်လျက်ရှိကြသည်။

ထားဝယ်မြို့တွင်နှစ်သစ်ကူးအချိန်ခါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန် းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ ဘိုးဘွားသက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ် တရားတော်နှင့် သက်ကြီးဘိုးဘွားများအား လက်သည်းခြေသည်းညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းများဆောင်ရွက်သွားမည် သိရသည်။

 ငွေဇင်ယော်(ထားဝယ်)