မန္တလေး ဧပြီ ၅
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နွေကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုလေ့လာမှုအရှိန်အဟုန်မြင့်မားစေရန် ရည်ရွယ်၍စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီကကျင်းပပြုလုပ်ပေးကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ကျောင်းသူများ နွေကျောင်းပိတ်ရက်ကာလများတွင် အားလပ်ချိန်များကိုစာပေဖတ်ရှုလေ့လာခြင်း၊ ဗဟုသုတရှာဖွေခြင်း၊ ရရှိလာသည့် စာပေဗဟုသုတများကို အခြေခံပြီးစာစီစာကုံးရေးသားခြင်း၊ ကဗျာရေးသားခြင်းဖြင့် စာပေဗဟုသုတနှင့် ပြည့်စုံသော လူငယ်လူရွယ်များဖြစ်စေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝသော လူတော်လူကောင်းများဖြစ်စေရန်အတွက်ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး သည်။
ထို့နောက် စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် အားလပ်ချိန်မှာ စာဖတ်ပါခေါင်းစဉ်ဖြင့် ပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)