ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Physical Fitness Dance သင်တန်း ဖွင့်လှစ်

ဗဟန်း မတ် ၂၅

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  Physical Fitness Dance သင်တန်းဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊  နည်းပြဆရာဦး ကောင်းစည်သူမှ Physical Fitness Dance အားကစားနည်း ပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများနှင့် သင်တန်းစည်း မျဥ်းစည်းကမ်းများကိုပြောကြားခဲ့ပြီး အခြေခံကနည်းများ၊ ကကွက်များအား သင်ကြားပို့ချခဲ့သည်။

အဆိုပါ သင်တန်းအား မတ်လ ၂၅ ရက်နေ့မှ မတ်လ ၂၇ ရက်နေ့အထိ (၃)ရက် တာကာလ၌ နံနက် ၉ နာရီ မှ ၁၂ နာရီအထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး