သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများမှ စာဖတ်ဝိုင်းကျင်းပ

သုံးခွ မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ် စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉) နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) "ရေးသားသည့်" တန်ဖိုးရှိလှ လူငယ်ဘ၀" စာအုပ်အားစာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို Club အဖွဲ့၀င်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ (Book club) အဖွဲ့၀င် "ဒေါ်၀င်းသန္ဒာမျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် "အပြောနှင့်အလုပ်" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူတွေဟာ အတွေးရယ်၊အပြောရယ်၊အလုပ်ရယ် ဆိုတဲ့ အစဉ်အားဖြင့်လှုပ်ရှားနေကြပါကြောင်း၊ အပြောနဲ့အလုပ်အတွက် အတွေးကို အောင်နိုင်စွာ ထိန်းချုပ်တဲ့ အလေ့အကျင့်ကိုလုပ်ဖြစ်အောင် လုပ်စေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် (Women Club) အဖွဲ့၀င် ဒေါ်သက်မြတ်နိုးက "စေတနာသဘောထား" ခေါင်းစဉ်ဖြင့်ဆွှေးနွေးရာတွင် ဘ၀ကိုတန်ဖိုးရှိအောင် ဖြည့်ဆည်းထူထောင်ရမယ်လို့ သိရှိကြတဲ့လူများဟာ ဦးစွာပထမ မိမိကိုယ်ကို ထိန်းသိမ်းနိုင်အောင် လေ့ကျင့်ကြပြီး ကိုယ်ကျင့်သီလ ဖြူစင်အောင် အားထုတ်ရပါကြောင်း၊ မိမိဘ၀ကို တန်ဖိုးရှိအောင် ကြိုးစားမယ်လို့ ရည်ရွယ်ချက်ရှိတဲ့ လူတွေဟာ အမိ၊ အဘ၊ ဆရာသမား၊ ဆွေမျိုးဉာတိများနဲ့တကွ လူအများ၊ သူတစ်ပါးရဲ့ကောင်းကျိုးကို သည်ပိုးဆောင်ရွက် နိုင်အောင်လည်း အားထုတ်ကြရပါကြောင်း စသည့်အကြောင်းအရာများကိုပြော ကြားသည်။

ဆက်လက်၍ (Book club) အဖွဲ့၀င် မယမင်းသူက "ဘ၀စည်းမျဉ်းများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူရယ်လို့ဖြစ်လာရင် လိုက်နာကျင့်ကြံရမည့် ကျင့်စဉ်ဆယ် ရပ်ဆိုတာရှိပါကြောင်း၊ မအောင်မြင်မှုများဟာ အောင်မြင်မှု များအတွက် အရေးပါတဲ့ အပိုင်းကဏ္ဍများအဖြစ် ပါ၀င်ပါကြောင်း၊ အောင်မြင်ကျော်ကြားတဲ့သူတွေရဲ့ အကြံကောင်း ဉာဏ်ကောင်းနဲ့ အတွေးအမြင်အမူအကျင့်တွေကို သိကြရပြီ ဖြစ်ပါကြောင်း စသည့်စာအုပ်ပါအကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းဆောင်ရွက်မှုအပြီးတွင် မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်းများ ကို တက်ရောက်လာသော စာပေချစ်သူများမှ စိတ်ပါ၀င်စားစွာ လေ့လာ့ကြည့်ရှုခဲ့ကြ သည်။

စည်သူလင်း