တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပွဲကျင်းပ

တံတားဦး  မတ်  ၂၁

တံတားဦးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ကြောင်းသိရသည်။

ပြိုင်ပွဲတွင်  ပြိုင်ပွဲဝင်ကစားသမားများမှ ပတ်လည်မစနစ်ဖြင့် ယှဉ်ပြိုင်ကြပြီး  အမှတ်အများဆုံး ရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားစားမှူး ဒေါ်ငယ်သူထွန်းတို့က ဆုများကိုလည်းကောင်း၊  မြို့နယ် အားစားမှူးမှ စစ်တုရင်ကစားနည်း နည်းပြဆရာများကို အမှတ်တရ လက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

စစ်တုရင်ကစားနည်းသည် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ အပေါင်းအသင်းတိုးပွားစေခြင်း၊ ကိုယ်ပိုဆုံးဖြတ်ချက်ကို ပီပြင်စွာချမှတ်နိုင်ခြင်း၊ အရှုံးကို လက်ခံနိုင်ပြီး အနိုင်အတွက်လည်း မာန်မဝံ့ထည်ခြင်း၊ သည်းခံစိတ်ရှည်ခြင်း၊ ကစားသမားအချင်းချင်း ညှာတာတတ်ခြင်းတို့ရရှိပါကြောင်း၊ ဒါ့အပြင်စစ်တုရင်ပြိုင်ပွဲ တစ်ပွဲကို နာရီဖြင့်သတ်မှတ်ထားပါကြောင်းနှင့် ယနေ့ပြိုင်ပွဲတွင် အလွတ်တန်းပြိုင်ပွဲဖြစ်၍ နာရီမဲ့စနစ်ဖြင့် ကစားခြင်းဖြစ်ကြောင်း စစ်တုရင်ကစားနည်း နည်းပြဆရာ ဦးမြင့်ကြိုင်သန်းထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)