ရွှေတောင် မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ပြောရဲဆိုရဲသည့် သတ္တိတွေမွေးမြူပေးနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒို့ကျေးရွာဂျာနယ် အတွဲ-၂၀၊ အမှတ်(၅)၊ စာမျက်နှာ-၁၀ ပါ ပညာကိုမြတ်နိုးတတ်သော ဆောင်းပါးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မြန်မာရိုးရာစကားပုံဆက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူတို့မှ ဆုများနှင့်ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ ဆက်)