မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပန်းချီ​ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

မြောက်ဥက္ကလာပ မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောင်းသားလူငယ်များမှ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးစေရန်၊ သင်တန်းများ(အခမဲ့) တက်ရောက်သင်ကြားနိုင်စေရန်နှင့် လူငယ်များဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ဖွင့်လှစ်ပေးခဲ့သည်။

အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ပန်းချီအခြေခံအားသင်ကြားပေးမည့်  ဆောက်လုပ်ရေး(ရုံးချုပ်)ပန်းချီဌာန ဦးစီးအရာရှိ(ငြိမ်း) ပန်းချီဆရာကြီး ဦးတင်မောင်လတ်က ပန်းချီပညာ၏အခြေခံသဘောတရားများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို၂၀၂၂-၂၀၂၃ ပညာသင်နှစ် နွေရာသီကျောင်းပိတ်ရက်၌ အလယ်တန်းအဆင့် ကျောင်းသားလူငယ်များအတွက် ရည်ရွယ်ကာမတ်လ(၁၃)ရက်နေ့မှ မတ်လ(၂၄)ရက်နေ့အထိ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား (အခမဲ့)ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်သူ(၂၅)ဉီးရှိကြောင်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)