ချမ်းမြသာစည် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် လူငယ်စာရေးဆရာ စိုင်းမြတ်သူ ရွှေဘိုနှင့်ကလောင်စုံ ရေးသားထားသည့် ကကြိုးရုပ်နှင့် သုခုမရတနာ၀တ္တုတိုများ စာအုပ်မိတ်ဆက်ပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စာအုပ်မိတ်ဆက်ပွဲတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးမောင်မောင် (မင်းဏီလူ)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးဒေါ်ခင်စိမ်းဝင်းက ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ ဘုန်းဇော်မိုး ဥဿာကစာအုပ် ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းအား ဆက်လက်ကျင်းပခဲ့ရာ စာရေးဆရာများက ၎င်းတို့ကိုယ်တိုင်ပါ၀င်ရေးသားခဲ့သည့် ဝတ္တုတိုများအား ပြန်လည် မျှဝေဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသီးသီးဖတ်မှတ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌများ၊ စာရေးဆရာများ၊ စာပေဝါသနာရှင် Book Club အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်းဝင်း(မြို့နယ်၊ ပြန်/ဆက်)