မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား အများပြည်သူများ လေ့လာသိရှိနိုင်ရေးပြသဆောင်ရွက်

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနက မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို နံရံကပ်ပြဘုတ်အဖြစ် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုများ၊ စီးပွားရေးအမြင် ဖလှယ်ဆောင်ရွက်ချက်များ၊ စည်းဝေးပွဲ တက်ရောက်မှု မှတ်တမ်းများ၊ နိုင်ငံပိုင်တည် ဆောက်ရေးလုပ်ငန်းများအား လေ့လာကြည့်ရှု့မှုမှတ်တမ်းများ မြန်မာ-ရုရှားချစ်ကြည်ရေးပူးဆောင်ရွက်မှု အမှတ်တရ မှတ်တမ်းဓါတ်ပုံများအား ဝေဝေဆာဆာ ပြသထားရှိရာ ဒေသခံပြည်သူများမှ စိတ်ပါဝင် စားစွာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ် တို့တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)