ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၁၈

နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်ကာ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့နေ့လည်ပိုင်းမှစ၍ အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ပြသလျက်ရှိသည်။

အဆိုပါ မှတ်တမ်းဓာတ်ပုံများတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြီးအကဲများ၏ တွေ့ဆုံဆွေးနွေးမှုများ၊ မျက်နှာစုံညီ အစည်းအဝေးပွဲ ဆောင်ရွက်မှုများ၊ တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုလေ့လာမှုများ၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုများ၊ ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ စသည်ဖြင့် ဝေဝေဆာဆာဖော်ပြပါရှိရာ မြို့နယ်နေပြည်သူများအနေဖြင့် စိတ်ဝင်တစားကြည့်ရှု လေ့လာလျက်ရှိကြောင်း သိရသည်။

ဝေယံ (IPRD)