ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အများပြည်သူများ လေ့လာသိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံများအား ယမန်နေ့မွန်းလွဲပိုင်းက ပြသပေးထားရာ လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစကာ ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုရှိခဲ့ပြီဖြစ်ကြောင်းနှင့် ထိုသို့ပြသပေးထားရာတွင် (၇၅) နှစ်မြောက် မြန်မာ-ရှရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံများဖြစ်သည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများပါရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)