ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ရုရှား-မြန်မာဆက်ဆံရေးအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့်မှတ်တမ်းဓာတ်ပုံများပြသ

ပျော်ဘွယ် ဖေဖော်ဝါရီ ၁၇

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများအသိပညာဗဟုသုတရစေရှိရန်ရည်ရွယ်၍ နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရ တုရုရှား-မြန်မာဆက်ဆံရေးအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲ(၃) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် နိုင်ငံတော်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ကျင်းပသည့်(၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်သည့်မှတ်တမ်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် ထိတွေ့ဆွေးနွေးခဲ့သည့် မှတ်တမ်းများ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍပေါင်းစုံတွင်ဆွေး နွေးခဲ့သည့်မှတ်တမ်းများ၊ အပြုသ​ဘောဆောင်သည် ဖွံဖြိုးရေးဆိုင်ရာ ရလဒ်ကောင်းများရရှိ​စေ​ရေး ဆွေးနွေးမှုမှတ်တမ်းများ စသည်တို့ကို ပြသ ထားရာ သွားလာနေသောပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)