ဒဂုံမြောက် ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြင်းစီးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြင်စီးအားကစားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
မြင်းစီးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် မြန်မာ့ရိုးရာဒုန်းပြိုင်ပွဲ အထူးတန်းဆုရ အားကစားသမား (၃)ဦးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ မြန်မာ့ရိုးရာဒုန်းပြိုင်ပွဲ အလတ်တန်းဆုရအားကစားသမား (၃)ဦးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ အငယ်တန်းဆုရအားကစားသမား (၃)ဦးအား အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာ့ရိုးရာဒုန်းပြိုင်ပွဲ(pony) ဆုရအားကစားသမား (၃)ဦးအား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ နိုင်ငံတကာဒုန်းပြိုင်ပွဲဆုရ အားကစားသမား (၃)ဦးအား မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်ဒုတိဥက္ကဋ္ဌ(၁)ဦးကျင်ဦး၊ မြန်မာ့ရိုးရာ အသားကျပြိုင်ပွဲ ဆုရအားကစားသမား (၃)ဦးအား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဒုတိဥက္ကဋ္ဌ(၂)ဦးအေးချိုတို့မှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး မြင်းပိုင်ရှင်များ၊ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် မြင်းစီးအားကစားသမားများ၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့ကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ မြင်းစီး အားကစားသမား(၃၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသတင်းရရှိသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)