လှိုင်မြို့နယ်၌ (၇၆)နှစ်မြောက်ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

လှိုင် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက (၇၆)နှစ်မြောက်ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာဆွေးနွေးပွဲတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးက (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် လှိုင်မြို့နယ် စာရေးဆရာအသင်း(နာယက) ဆရာဦးမင်းဆက်ပိုင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကို အကျယ်တဝင့် ဆွေးနွေးပြောကြား‌ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲကို ပြည်သူများ ကြည့်ရှုလေ့လာ မှတ်သားနိုင်စေရေးအတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့် ပြသပေးလျက်ရှိရာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

ဝင်းသီတာမိုး (ပြန်/ဆက်)