ပန်းတောင်း ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်ရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မူလတန်းအဆင့် ပန်းချီ၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး တို့က အဖွဲ့များခွဲ၍ ပျော်ရွှင်စွာဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် နံရံကပ်စာစောင်များ၊ သုတစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)