ကွတ်ခိုင် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုခန်းမ၌ ယမန်နေ့နံနက်(၈) နာရီအချိန်တွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး၊ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် (၇၆)နှစ်မြောက် ရှမ်းပြည်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကွတ်ခိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှလည်း ကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံမှ ပေးပို့သော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဦးမျိုးညွန့်မှလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)