သန်လျင်မြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

သန်လျင် ဇန်နဝါရီ  ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁)နာရီအချိန်က စာဖတ်ခြင်း အကျိုးကျေးဇူးအသိပညာပေးဆွေးနွေးပွဲ TalkShow ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင့်းဖြင့် အကျိုးကျေးဇူးနှစ်ရပ်ကိုရရှိစေပြီး၊ ပညာဗဟုသုတတိုးပွားခြင်းနှင့် အတွေးအခေါ်ရင့်သန်ခြင်းတို့ဖြစ်ကြောင်း၊ စာပေကိုတန်ဖိုးထားချစ်မြတ်နိုင်းတတ်စေရန်နှင့် စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ရုပ်သံ-၃ ဒေါ်အိအိချောကဆွးနွေးရာတွင် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စေရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ယဉ်ကျေးသိမ့်မွေ့၍ ကိုယ့်ကျင့်တရားကောင်းမွန်စေရန်နှင့် ပြည်သူကို အကျိုးသားကောင်း၊သမီးကောင်းများဖြစ်လာစေရန်၊ စာဖတ်ရာတွင်လည်း အကျိုးရှိသော စာပေများကို ရွေးချယ်ဖတ်သင့်ကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)