လင်းခေးတွင် ယခုနှစ် ကြံပေါ်ချိန်ရာသီ၌ ဒေသထွက် ကြံသကာ၊ မြေပဲကြံသကာနှင့် ဆီးသီးကြံသကာများ ဈေးကွက်ကောင်းရရှိ

လင်းခေး ဇန်နဝါရီ ၂၉

ယခုနှစ် ကြံပေါ်ရာသီချိန်၌ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးဒေသထွက် ကြံသကာ၊ မြေပဲ ကြံသကာနှင့် ဇီး (ဆီးသီး) ကြံသကာများ ဈေးကွက်ကောင်းရလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းလုပ်ကိုင်လျက်ရှိသူ လင်းခေးဒေသခံ တောင်သူတစ်ဦးကကျွန်မတို့ကြံ ကို ကိုယ်တိုင်စိုက်ပျိုးပါတယ်၊ ဒီကနှစ် ကြံပေါ်ချိန် ရာသီမှာ ရိုးရိုးကြံသကာက တစ်ပိဿာ (၁၅၀ဝိ/-) မြေပဲကြံသကာ၊ ဆီးသီးကြံ သကာတွေက တစ်ပိဿာ (၆၀၀ဝိ/-)နဲ့(၇၀၀ဝိ) ဈေးရောင်းချရပါတယ်ပြီးတော့ကျွန်မတို့က ဆီးသီးသကြားလုံးလေးတွေကိုလည်း ပြုလုပ်ရောင်းချပါတယ်ဟု ၎င်းကပြောသည်။ ဆက်လက်၍ကျွန်မတို့ကိုယ်ပိုင်ကြံခြံမှာ တစ်နှစ်တစ်နှစ်အနည်းဆုံး(၃)ဧကနဲ့(၄)ဧကခန့်စိုက်ပျိုးလုပ်ကိုင်ပါတယ်၊ကြံခုတ်ရာသီ ရောက်ပြီဆို မိသားစုအပြင် နေ့စားကြံခုတ် လုပ်ကိုင်သူတွေကိုငှားပြီး ခုတ်ရပါတယ်၊ နေ့စားကြံခုတ်တစ်ဦးကို တစ်နေ့လုပ်ခကျပ် (၁၀၀၀ဝိ/-)ပေးရပါတယ် လွန်ခဲ့ပြီးနှစ်တွေ မှာတော့တစ်ဦးငှားခ ကျပ်(၅၀၀ဝိ/-)နဲ့(၇၀၀ဝိ/-)ရှိခဲ့ပါတယ်ကျွန်မတို့ လင်းခေး ဒေသထွက် ကြံသကာအစားအစာအမျိုးမျိုးတွေကို မောက်မယ်၊ လဲချား၊ ကြေးသီးနဲ့ မိုင်း နောင်၊ မိုင်းကိုင်မြို့နယ်များ၊ တောင်ကြီး၊ လွိုင်လင်၊ ပင်လုံ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်မြို့များသို့ တင်ပို့ရောင်းချနိုင်ပါတယ်ဟု ကြံလုပ်ငန်းတောင်သူလုပ်ကိုင်သူ ဒေါ်နန်းငင်းထံမှ သိရသည်။

ရှမ်းအညာဒေသ(ခေါ်) လင်းခေးမြို့နယ် အတွင်းရှိ ဒေသခံတောင်သူအများစုသည် ကြံစိုက်ပျိုး လုပ်ငန်းများအပြင် နှမ်း၊ မြေပဲ၊ ပြောင်း၊ ဆီထွက်နေကြာ၊ ပဲစင်းငုံ၊ ပဲကြီး၊ ပဲတီ စိမ်း၊ ဂျပန်နှမ်းခေါ် ပန်းနှမ်းနေကြာ တို့ကို လည်းသီးထပ်/ သီးညှပ်စိုက်ပျိုးလုပ်ကိုင်ကြ ပါသည်။ လင်း‌ခေးဒေသ၏ စိုက်ပျိုးရေး လုပ်ငန်းအဓိက ထွက်ကုန်ဖြစ်သော ကြံလုပ် ငန်းမှထွက်ရှိသည့် ကြံသကာလုပ်ငန်းမှာ ယခုနှစ်တွင် ယခင်နှစ်များထက် ဈေးကွက် ကောင်းလျက်ရှိကြောင်း သိရသည်။

စိုင်းဇော်လတ် (ပြန်/ဆက်)