ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူး ဇန်နဝါရီ ၂၇

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့နံနက် ၁၀ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ယဉ်ဉ်နုက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူ အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပဲခူးခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး​ဒေါ်‌ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးကာ Grade -11မှ ကျောင်းသူ မအင်ကြင်းမိုးက လူငယ်နှင့်စာရိတ္တGrade-11 မှ ကျောင်းသူ မသဇင်အောင်ကလူငယ်နှင့်စာဖတ်ခြင်း” Grade-10မှ ကျောင်းသား မောင်စိုးဦးက  လူငယ်နှင့်မူးယစ်ဆေးဝါး” Grade-10မှ ကျောင်းသူ မယဥ်ဖြူဖြူအောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး “Grade-10မှ ကျောင်းသား မောင်သီဟဇော်က လူငယ်နှင့်လူမှုမီဒီယာGrade-10မှ ကျောင်းသူ မတင့်တင့်ထွန်းက လူငယ်နှင့်အားကစား အစရှိသည့်​ ခေါင်းစဉ်ပါ အ​ကြောင်းအရာများကို​ ဆွေး​နွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့်     ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူ(၆)ဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ (၆)  ဦးအား  ငွေသားနှင့် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အမှတ်(၈)အခြေခံပညာအထက်တန်း​ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစု‌ပေါင်း(၇၀) ဦး တက်ရောက် ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)