ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၇
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့မွန်းလွဲ(၁)နာရီကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲ(Talk Show)ကို မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးညိုထွန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှမိုး (ဆရာချမ်းမြေ့အေး)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း ကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ် မျိုးချစ်စိတ်ဓါတ်ထွန်းကားရေးအကြောင်း၊ ပင်လုံစာချုပ်ချုပ်ဆို ခဲ့သည့် အကြောင်းအရာများ၊ယနေ့လူငယ် နောင်ဝယ် လူကြီးဖြစ်လာမည့် လူငယ်များက ပြည်ထောင်စုကြီးကို ဆက်လက်ကာကွယ်ထိန်းသိမ်းရန်အတွက် ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓါတ်များရင့်သန်စေရေး မွေးမြူပေးရမည့်အကြောင်းအရာများစသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်