မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/သူများအား Sinopharm Booster ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈:၃၀ နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၄၆၀)ဦးအား Sinopharm Booster ကာကွယ်ဆေးရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကျန်းမာရေးမှူး၊ အ.မ.က(၂၄)ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းကော်မတီဝင်များ၊ မြို့မိ၊ မြို့ဖများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်း၊ ခြောက်ပေအကွာမှာစောင့်ဆိုင်းစေခြင်းတို့ကိုပြုလုပ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)