မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အသိနှင့်ပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၁)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် စာရေး ဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် အသိနှင့်ပညာစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပြီး ဆရာက "အသိသည် "အသိ" သာဖြစ်ပါတယ်။ ပညာက "ပညာ" သတ်သတ်ပဲဖြစ်ပါတယ်။ အသိက သင်ယူလို့ရပြီး၊ ပညာက အသိကိုကျော်လွန်ပြီးနောက် တစ်ဆင့်ထွင်းဖောက်မြင်ခြင်း၊ ဖန်တီးတီထွင်နိုင်ခြင်း၊ စိတ်ကူးမှာကိုယ်တိုင်ဖြစ်ခြင်း သဘောအထိပါဝင်ပါတယ် "ဟုဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ Book Club အဖွဲဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)