လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

လမ်းမတော် ဇန်နဝါရီ   ၆

လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။

 အခမ်းအနားအစီအစဉ်အရ ကျောင်းသား/ ကျောင်းသူလေးများက အ.ထ.က(၂) လမ်းမတော်ကျောင်း သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး၊ ဆရာမကြီးဒေါ်နီလာမော်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်တက်ရောက်လာသော မိဘဆရာအသင်းဒုတိယဥက္ကဋ္ဌ ဒေါ်နီလာညွှန့်ကကျေးဇူးတင် အမှာစကားပြောကြားသည်။ ဆက်လက်၍ လူရည်ချွန်နှင့်အဂ်လိပ်စာ သင်္ချာစွမ်းရည် ထူးချွန်ဆုရ ကျောင်းသား/  ကျောင်းသူများအားလည်းကောင်း၊ မြို့နယ်အဆင့်ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံးဆုရ ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ မြို့နယ်အဆင့်အားကစားဆုရသူများနှင့် ကျောင်းတက် မှန်ဆုရသူများအားလည်းကောင်း တာဝန်ရှိသူများက ဆုများကို အသီးသီးဆုများချီးမြှင့်ကြသည်။

ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက ထာဝရသစ္စာတေးသီချင်းဖြင့် ဖြော်ဖြေသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း၊ အခမ်းအနားအပြီးတွင် ပြည်နယ်နှင့်တိုင်းအလိုက် ဒေသထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုအား တက်ရောက်လာသူများက လိုက်လံကြည့်ရှုကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်  (ပြန်/ ဆက်)