ငါန်းဇွန် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မနှင်းပွင့်လွှာဦးက “လူငယ်များကို ပျိုးထောင်ပေးပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်သျှိုင်းထက်အောင်က “နောင်တရမှာ မကြောက်ပါနဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို ရှင်းလင်း ဆွေးနွေးကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက် လာသော စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များနှင့်အတူ Grade-7 ကျောင်းသား ကျောင်းသူများကလည်း အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)