ကော့သောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲကျင်းပ

ကော့သောင်း ဇန်နဝါရီ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲကို အထက(၁) ကော့သောင်း၊မြတ်ရတနာခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊  ပရိတ်သတ်အရှေ့တွင် ရဲဝံ့စွာပြောဆိုသည့်အလေ့အထများရှိ လာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

စကားဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကော့သောင်းခရိုင် ဦးစီးအရာရှိ ဒေါ်မေဇင်ဦးတို့က Moderator အဖြစ်လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူတိုင်းသည် ကျန်းမာရေးကို ဂရုစိုက်သင့်သည်၊ လူငယ်နှင့်အနာဂတ်ရည်မှန်းချက်ပန်းတိုင်၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်စာပေ  စသည့်ခေါင်းစဉ်များဖြင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ(၅)ဦး ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများက စကားဝိုင်းအတွင်း ဝင်ရောက် မေးမြန်းအပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)