စာသင်ကျောင်းဆောင်အသစ် လိုအပ်လျက်ရှိသည့် ရေသရောက်ကျေးရွာ(အ.မ.က)တွင် စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည်   ဒီဇင်ဘာ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြခံပညာရေးဦးစီးဌာနမှ စာသင်ကျောင်းဆောင်အသစ်များအား လိုအပ်သည့်ကျောင်းများတွင် ဘဏ္ဍာနှစ်အလိုက် ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းဆောင်အသစ် လိုအပ်လျက်ရှိသည့် ရေသရောက်ကျေးရွာ(အ.မ.က)တွင် စာသင်ကျောင်းဆောင် အသစ်()ဆောင် ဆောက်လုပ်ပေးခဲ့ရာ လုပ်ငန်းများ(၁၀၀)ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း ရေသရောက်ကျေးရွာကျောင်းအုပ်ဆရာမကြီးဒေါ်နီနီအေးက ပြောပြ၍ သိရှိရသည်။

အဆိုပါကျောင်းဆောင်သစ်အား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၆၃.၉၄၀)ကျပ်သန်းဖြင့် နန်းစဉ်ရတနာ ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူကာ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ Steel Structure(၁)ထပ် ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းဆောင်အသစ်ဆောက်လုပ်ပြီးဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာပေများ စတင်သင်ကြားနေပြီးဖြစ်သဖြင့် သင်ကြားရေးလုပ်ငန်းများ ပို၍ထိရောက်အောင်မြင်လျက်ရှိကြောင်း သိရှိရသည်။

ရေသရောက်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ KG တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၆)ဦး၊ Grade-1 တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး၊  Grade-2 တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၃၇)ဦး၊  Grade-3 တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၆)ဦး၊  Grade-4 တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး၊  Grade-5 တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၇)ဦး ပညာသင်ကြားလျက်ရှိပြီးကြောင်း သိရသည်။

သက်မောင်