သာကေတ ဒီဇင်ဘာ ၁၉
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုနံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၁:၃၀) အချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင် ့ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနနှင့် မြို့နယ် (Youth Club) အဖွဲ့တို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ နံရံကပ်၊ စာအုပ်စာစောင်နှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဌာနခွဲမှူး) ၊ မြို့နယ် (Youth Club) ဥက္ကဋ္ဌ ဒေါက်တာအောင်ကိုဦးမှ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ၊ လွတ်လပ်ရေးနေ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များမှ လွတ်လပ်ရေးနေ့ကို ထာဝစ်ဥ မြတ်နိုးအမှတ်ရစေမည့် အကြောင်းအရာများအား အကျယ်တဝင့် ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကျသော ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီးကျောင်းသားကျောင်းသူများမှ ပြသထားသည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်များကို လေ့လာကြည့်ရှူ့ခဲ့ ကြ ကြောင်း သိရ သည်။
ဇာဇာချစ်ဦး (ပြန်/ဆက်