ကရသူရိမြို့၌ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရသူရိ ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံအချို့သည် မိသားစုဝင်ငွေတစ်ခုအနေဖြင့် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရာမှ အပိုဝင်ငွေရရှိလျက်ရှိသည်။

ခရမ်းအမျိုးအစားအမျိုးမျိုးရှိပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ခရမ်းသီးစိမ်း၊ ခရမ်းရှည်သီးပင်၊ ရိုးရိုးခရမ်းသီးနှင့် ခရမ်းကျွတ်သီးတို့သည် လူကြိုက်အများဆုံးနှင့် ရောင်းအားကောင်းသည့်အတွက် ထိုအပင်များကို အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

လက်ရှိခရမ်းသီးတစ်ပိဿာကို(၄၅၀၀)ကျပ်ရရှိပြီး တစ်နေ့ပျမ်းမျှဝင်ငွေ(၁၇၅၀၀)ကျပ်ခန့် ရရှိပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ စီးပွားဖြစ်တိုးချဲ့လုပ်ကိုင်သွားဖို့ရှိကြောင်း စိုက်ပျိုးသူတစ်ဦးက ပြောသည်။

အဆိုပါ ခရမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကာ ရက်ပေါင်း(၃၀)အကြာတွင် အသီးခူးဆွတ်နိုင်ပြီး အချိန်တိုအတွင်း မိသားစုစားဝတ်နေ‌ရေးအတွက် အပိုဝင်ငွေရရှိသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)