တံတားဦးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း ပညာသရဖူခန်းမတွင် လူငယ်စကားဝိုင်းကျင်းပ

တံတားဦး ဒီဇင်ဘာ ၁၄

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ လူငယ်စကားဝိုင်းကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့ မြို့မအခြေခပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေပြီး အသိပညာဗဟုသုတတိုးပွားစေရန် အချင်းချင်းအသိပညာ၊ အတတ်ပညာဖလှယ်နိုင်စေရန် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင် ဦးဆောင်ကာ မြို့မအခြေခံပညာအလယ်တန်းကျောင်း Grade-9 မှ ကျောင်းသားမောင်ထူးမြတ်နောင်က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ ကျောင်းသူမချောစုလွင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–7 မှ ကျောင်းသားမောင်လင်းခန့်ကျော်ဇင်က လူငယ်နှင့်စာတတ်ဖို့သာမက ပညာတတ်ဖို့ကြိုးစားကြပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူမယွန်းသရဖီကျော်က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲတင့်