တောင်သာ ဒီဇင်ဘာ ၈
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာန တို့ပူးပေါင်း၍ ပုံပြောပြိုင်ပွဲနှင့် ပူပေါင်းဖောက်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းသား/ ကျောင်းသူများ ယခုလို ပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူအများရှေ့တွင်ပြောရဲဆိုရဲတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ပုံပြောပြိုင်ပွဲနှင့် ပူပေါင်းဖောက်ပြိုင်ပွဲအား ဆက် လက် ကျင်းပရာ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်အဖြစ် ဗလာ စာအုပ်၊ ခဲတံနှင့်အချိုရည် မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံပြောပြိုင်ပွဲနှင့် ပူပေါင်းဖောက်ပြိုင်ပွဲသို့အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)