သာစည် နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက စာရေးဆရာ အောင်သင်း၏ ပညာနှင့်ကန်တော့ခြင်းနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများများဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့်ပြောဆိုဆွေးနွေးသည့် အခွင့် အလမ်းများ ရရှိစေရေးအတွက် ရသလမ်းဆုံ စာဖတ်ဝိုင်းကို မြို့နယ်စာရေးဆရာများ၊ စာပေဝါသနာရှင်မျာဖြင့် တစ်လလျှင် တစ်ကြိမ် ပြုလုပ်ဆွေးနွေး လျက်ရှိပါကြောင်း၊ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရသလမ်းဆုံစာဖတ်ဝိုင်း ပြုလုပ်ရာ စာရေးဆရာ ဝေးဖြူက စာရေးဆရာ အောင်သင်း၏ ပညာနှင့်ကန်တော့ခြင်းနှင့် အခြားဆောင်းပါးများ စာအုပ်မှ ပညာနှင့် ကန်တော့ခြင်း (၁) ၊(၂)၊ (၃) ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ရှုဆွေးနွေးရာ တက်ရောက်လာသည့် စာပေဝါသနာရှင် ကျောင်းသား/ ကျောင်းသူလေးများက ၎င်းတို့၏ အမြင်များကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မှ စာရေးဆရာများ၊ အထက(၁)နှင့် အလက(ခွဲ) မီးရထားကျောင်းတို့မှ စာပေဝါသနာရှင် ကျောင်းသား /သူများ တက်ရောက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)