ပြည်မြို့ နဝင်းနယ်မြေ၊ နဝင်းကွက်သစ်၌ ပြည်သူများအတွက် စျေးသစ်ဖွင့်လှစ်

ပြည် နိုဝင်ဘာ ၂၂

ပဲခူးတိုင်း‌ဒေသကြီး၊  ပြည်မြို့၊  နဝင်းနယ်မြေ၊ နဝင်းကွက်သစ် (၁၀)လမ်းနှင့် (၁၁)လမ်းထောင့်နေရာတွင်  ရပ်ကွက်နေပြည်သူများနှင့် ဈေးရောင်းသူပြည်သူများ ရောင်းရေး/ဝယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ယာယီစျေးသစ် ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့တာဝန်ရှိသူများ ထံမှသိရသည်။

အဆိုပါ ဈေးသစ်ကို နေ့စဉ်နံနက် ၆ နာရီမှ ၁၂ နာရီအထိဖွင့်လှစ်ပြီး ယင်းဈေးသစ်တွင်  ဆန်၊ ဆီ၊ ဆားနှင့်ငရုတ်/ကြက်သွန် အစရှိသည့် အခြေခံစားသောက်ကုန်များ အပါအဝင် ငပိ/ငါးခြောက်နှင့် အသားငါးများ၊  ဟင်းသီးဟင်းရွက်များ၊ ဘုရားပန်းနှင့် သစ်သီးဝလံများ စသည့် ကုန်စိမ်း/ကုန်ခြောက် ပစ္စည်းမျိုးစုံ ရောင်းဝယ်ဖောက်ကားလျက်ရှိကာ ရောင်းသူ/ဝယ်သူ ပြည်သူများဖြင့် စည်ကားလျက်ရှိ‌ကြောင်း ရပ်ကွက်ပြည်သူများထံမှ သိရသည်။

ပြည်မြို့ နဝင်းနယ်မြေသည် လူဦးရေထူထပ်ပေါများသည့် ရပ်ကွက်ကြီးတစ်ခုဖြစ်ကာ နဝင်းကွက်သစ်တွင် အခြေခံလက်လုပ် လက်စားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်း မိသားစုများအပါအဝင် လူမျိုး/ဘာသာပေါင်းစုံပြည်သူများ စုပေါင်း နေထိုင်ကြပြီး ယခုဖွင့်လှစ်ပေးသည့်ဈေးသစ်သည် အဆိုပါရပ်ကွက်နေ ပြည်သူများနှင့် ဈေးရောင်းသူပြည်သူများအတွက် ရောင်းရေး/ဝယ်ရေး အဆင်ပြေချောမွေ့ အကျိုးပြုမည်ဖြစ်သည်။

ကိုဆက်(ပြန်/ဆက်)