ကျောက်ကြီး နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် လူထုစိန်ဝင်းရေးသားထားသော လူကြီးလူငယ်ကွာဟမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြန်/ဆက် ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်လာစေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာ အချို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် (Youth Club)အဖွဲ့ဝင် မောင်အောင်မြင့်မြတ်က လူထုစိန်ဝင်းရေးသားထားသော လူကြီးလူငယ်ကွာဟမှု စာအုပ်ဖြင့်ဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲတွင် (Youth Club)အဖွဲ့၀င် (၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်