စဉ့်ကိုင် အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် စာပေဗဟု သုတရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ယနေ့မွန်းလွဲ (၁)နာရီက မြို့၀န်ကုန်းအခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်း က ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပဗဟုသုတစာပေများကို လေ့လာဖတ်ရှုစေလိုကြောင်းစာဖတ်သည့် အလေ့အကျင်းကောင်းများရရှိမှသာ အသိပညာဗဟုသု တများတိုးပွား လာမှာဖြစ်ကြောင်းပြောကြားခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ကလေးငယ်များအား ပုံပြင်ဖတ်ပြခြင်း၊ ဆေးရောင်ခြယ်ပန်းချီဆွဲခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)