လယ်ဝေး အောက်တိုဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက်(၉)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်တို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးသူငယ်များအား အလုပ်ခိုင်းစေမည်ဆိုပါက ဘယ်အသက်အရွယ်မှာ အလုပ်လုပ် ခိုင်းရပြီး၊ ဘယ်လိုသတ်မှတ်ချက်များနှင့်ပြည့်စုံရမလဲ။ တနေ့ဘယ်နှနာရီ အလုပ်လုပ်ခွင့်ပြု သလဲ။ အသက်အရွယ်အလိုက် အလုပ်လုပ်ချိန် ကွာခြားမှုရှိပါသလား။ အဆိုးရွားဆိုးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုတာ ဘယ်လိုအရာတွေပါသလဲ။ အဆိုးရွားဆိုးပုံစံဖြင့်အလုပ် ခိုင်းစေပါ က ကာကွယ်ပေးထားသည့် ဥပဒေများအကြောင်းကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှုစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေဇော်ချစ်(ပြန်/ဆက်)