ရန်ကင်း အာက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နေ့လယ် ၁၂:၀၀ နာရီက မြို့နယ်စာရေးဆရာအသင်း Book Club နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဆရာများရဲ့ ကြီးမားတဲ့တာဝန် အခန်းကဏ္ဍကို ဖော်ညွှန်းရန်ရည်ရွယ်ပြီး ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ အောက်တိုဘာလ ၅ ရက်နေ့ကစတင်ပြီး ကျင်းပခဲ့ရာ ၂၈ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ နိုင်ငံပေါင်း ၁၀၀ ကျော်က ဆရာတွေကို လှိုက်လှဲစွာ ဂုဏ်ပြုနေကြကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း နာယကဆရာစိုးမြင့်ဒွဏ်း(အာယုဗ္ဗေဒ)က သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ ဆရာမျိုးစုံရှိကြောင်း၊ ဆရာဟူသည် လောဿိုအလှဆင်သူ၊ မြေတောင်မြှောက်ပေးသူတွေ ဖြစ်တာကြောင့် လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ရပါကြောင်း၊ အဖိုးထိုက်တန်တဲ့၊ ထူးချွန်ပြောင်မြောက်တဲ့၊ စိတ်ထားမြင့်ပြီး ရိုးသားဖြူစင်တဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိတဲ့၊ စည်းကမ်းရှိတဲ့ ကျောင်းသားလူငယ်တွေ၊ အနာဂတ်ခေါင်းဆောင်တွေကို ပညာအမွေပေးတဲ့ အစဉ်အလာနဲ့အညီ ဆရာ့ကျေးဇူး၊ ဆရာ့ဂုဏ်မည်မျှကြီးမားကြောင်း ဆင်ခြင်လေ့လာနိုင်ရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
သို့ဖြစ်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ Talk Show ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စသည့် လုပ်ငန်းများအား ပြည်သူ့စာကြည့်တိုက် Page တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရန်ကင်းမြို့နယ် ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)