ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

ဘုတ်ပြင်း   စက်တင်ဘာ ၁၄

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးဝေမှ သင်းတန်းဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကော့သောင်းခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုးထက်အောင်မှ သင်တန်းတွင် သင်ကြားမည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ (၁၁) ဦး တက်ရောက်ကြပြီး Body Shower ပြုလုပ်နည်း၊ Shampoo ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာ ပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ်နည်း၊ ဘက်စုံသုံးဆပ်ပြရည် ပြုလုပ်နည်း၊ ပရုတ်ဆီပြုလုပ်နည်း၊ ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်း၊ ဆပ်ပြာအကြည် ပြုလုပ်နည်း၊ ဖယောင်းတိုင် ပြုလုပ်နည်းနှင့် PH Levek ပတ်သည့် အကြောင်းအရာများကို သင်တန်းကာလ ()ရက်အတွင်း သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်တန်းပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်