သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူစာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ စာအုပ်ဖတ်ရှုငှားရမ်း

သရက်ချောင်း စက်တင်ဘာ  ၁၅

အသိပညာဗဟုသုတရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရန်နှင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်အတွက် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံပြည်သူများ အား စာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ငှားရမ်းပေးရာတွင် စာအုပ်များလာရောက်ငှားရမ်းသော ကျောင်းသား/ကျောင်းသူများအား စာအုပ်များကို သေချာစွာကိုင်တွယ်ဖတ်ရှုကြရန်၊ စာအုပ်များကို မစုတ်ပြဲစေရန် စနစ်တကျဖတ်ရှုကြရန်နှင့် “စာအုပ်ဖတ်ပြီးပြန်ထားပါ နောက်လူဖတ်ဖို့ရာ” ဆိုသည့်စကားအတိုင်း မိမိဖတ်ပြီးသော စာအုပ်များဖြစ်ပါက မဖတ်ရသေးသူများအတွက် စာအုပ်က အသစ်ဖြစ်နေသည်ကို အကျယ်တဝင့်ရှင်းပြပြီး ကျောင်းသား၊ ကျောင်းသူများ တစ်နေ့လျှင် (၃၀)ဦးခန့် လာရောက် ငှားရမ်းဖတ်ရှုကြောင်းကို စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းထံမှ သိရ သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်၊ စာပေများ လာရောက်ဌားရမ်းနိုင်ခြင်းမရှိသည့် ပြည်သူလူထုများအတွက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Pageမှတစ်ဆင့် စာပေချစ်သူများအတွက် ပုံပြော ခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်၊ Activity၊ စက္ကူဖြင့်အရုပ်ခေါက်ခြင်းပြိုင်ပွဲများပြုလုပ်ခြင်း စသည့်အစီအစဉ်များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)