ကော့သောင်း စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ယမန် နေ့မွန်းလွဲပိုင်းက ရွှေပြည်သာ ရပ်ကွက်၊အထက(ခွဲ)၊အလက(၄) ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောမှုအစီအစဉ်တွင် သင်တန်းသူများအား ကောသောင်းခရိုင်၊ တိုင်းရင်း ဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများ၊ မီးဖို ချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့် အရသာ(၆)ပါး အကျိုးနှင့်အပြစ် ဖြစ်ပုံပြုပုံအကြောင်း၊ အမျိုးသမီးများတွင်ဖြစ်ပွားတပ်သောရောဂါများနှင့်တိုင်းရင်းဆေးပညာဆက်စပ်ကုသပုံများအားဗဟုသုတဖြစ်ဖွယ်အသိပညာပေးဟောပြောသည်။ ယင်းနောက် ကော့သောင်းခရိုင်၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟုသုတဖြစ်ဖွယ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းအတွင်း တားမြက်ထားသည့်အစားအသောက်များ ရောင်းချခြင်းရှိ မရှိနှင့် ရောင်းချလျက်ရှိသည့် အစားအသောက်များတွင် ခွင့်မပြုဆိုးဆေးများပါဝင်ခြင်းရှိ လိုက်လံစစ်ဆေးအသိပညာပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)