ကော့မှူး စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလိုသည့်များကို မေးမြန်းရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်လှိုင်(မြိုင်တင်လှိုင်)က ကလေးအလုပ်သမားများအပေါ် အကာအကွယ်ပေးသည့် ဥပဒေဆိုင်ရာသိကောင်းစရာများ၊ ကလေးအလုပ်သမားအများဆုံး တွေ့ရှိရသည့်အကြောင်းအရင်းများ၊ ကလေးအလုပ်သမားများအပေါ် ခိုင်းစေမှုကြောင့် အရေးယူဆောင်ရွက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ အဆိုးရွားဆုံးခိုင်းစေခံရသော ကလေးသူငယ်ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာခိုင်းစေခံရခြင်း၊ ပုံစံအမျိုးမျိုးဖြင့်ကျွန်ပြုခံရခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လုပ်ငန်းများတွင် ခိုင်းစေခြင်းများနှင့်ကလေးအလုပ်သမားများနှင့်ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး