မန္တလေးခရိုင်၊  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြပွဲ/ပြိုင်ပွဲများကျင်းပ

မန္တလေး စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(မူလွန်) (၂၀)တို့ ပူးပေါင်း၍  လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပခဲကြောင်း သိရသည်။

ရှေးဦးစွာ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ အဖွင့်အမှာစကားပြောကြားပေးပြီး အ.မ.က (မူလွန်) ၂၀ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်မှ ယခုလိုပြပွဲ/ပြိုင်ပွဲများကျင်းပပေးရခြင်းသည် ကလေးငယ်များ ကြိုးစာလိုရှိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည်တိုက်ခန်းမနှင့်ကလေးစာဖတ်ခန်းတွင် ကျင်းပခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း (၁၅)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းလေး (ပြန်/ဆက်)