ကလိန်အောင် စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က လူကုန်ကူးမှု ဖြစ်ပေါ်လာသည့်အကြောင်းအရာများနှင့် လူသားအခြင်းခြင်း ရောင်းကုန်အဖြစ်ပြုမှုကာ လူမှောင်ခိုကူးသည့် ပြဿနာများ ယနေ့ကမ္ဘာနှင့်အဝှမ်း ကြီးမားသည့်ပြဿနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင်ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့် မျိုးဆက်သက်လူငယ်လူရွယ်များ၊ ကျောင်းသား/သူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ဖြစ်စဉ်များအကြောင်းသိကောင်းစရာများ၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးသူများအန္တရာယ်မှ ကင်းဝေးနိုင်ရေး ကျောင်းသားကျောင်းသူ အရွယ်များ လိုက်နာဆောင်ရွက်ရမည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများအားလည်းကောင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာသိကောင်းစရာများအားအသီးသီး အသိပညာပေးဟောပြောပြီး လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ သိမှတ်စရာဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုပြီး စာအုပ်စာပေများလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့