ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ဒဂုံမြောက် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များသိရှိနားလည်ပြီး လူကုန်ကူးမှုအန္တရာယ်များကို သတိပြုနိုင်စေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ အလယ်တန်းကျောင်းသား၊ ကျောင်းသူများက မိမိကျရာခေါင်းစဉ်အလိုက် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။  

မြင့်မြင့်ရီ