ရွှေကျင် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ်တွင် ယမန်နေ့တွင်ကျရောက်ခဲ့သည့် လူကုန်ကူးမှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ရွှေကျင်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်က လူကုန်ကူးမှုဥပဒေအကြောင်းများ၊ လူကုန်ကူးမှုဖြစ်ရသည့်အကြောင်းများ၊ လူကုန်ကူးခံရသူများ ခံစားရသည့်ဒုက္ခများ၊ ကလေး/အမျိုးသမီးများ/အမျိုးသားများ လူကုန်ကူးခံရပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်ပေးမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှနိုင်စေရေး အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)